ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊သစ်တောဦးစီးဌာနမှမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ

ဥတ္တရသီရိမြို့နယ်၊သစ်တောဦးစီးဌာနမှမိုးရာသီသစ်ပင်စိုက်ပျိုး‌ရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို(၃-၆-၂၀၂၆)ရက်နေ့၊ ​(၁၃:၃၀)နာရီ၌ ပုဗ္ဗသီရိမြို့နယ်၊ပုဗ္ဗသီရိမြို့ပတ်လမ်းပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းအမှတ်(၂၀)၌ ကျင်းပဆောင်ရွက်ခဲ့ရာဆရာ/ဆရာမ၊ကျောင်းသား/သူများ ကျား(၁၀၅)ဦး၊ မ(၁၁၀)ဦးနှင့်သစ်​တောဝန်ထမ်း(၄)ဦး၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှ(၅)ဦး စုစုပေါင်း(၂၂၄)ဦးတက်ရောက်ခဲ့ကြပါ‌ကြောင်းနှင့်အသိပညာပေးဟောပြောပွဲ၌ ဥတ္တရသီရိမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်သိန်းထွဋ်မှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၏ဆောင်းပါးများကို ကိုးကား၍ မိုးရာသီသစ်ပင်စိုက်ပျိုး‌ရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများကို တက်ရောက်လာသူများသို့အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Thursday, June 4, 2026 - 11:45