သထုံမြို့၊အခြေခံပညာအထက်တန်းကျောင်းအမှတ်(၁)တွင်မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဟောပြောပွဲကျင်းပ

(၈-၆-၂၀၂၆)ရက်နေ့(၁၀:၃၀)နာရီ၌သထုံမြို့အခြေခံပညာအထက်တန်းကျောင်းအမှတ်(၁)၊နဝဒေးခန်းမတွင်သထုံမြို့နယ်သစ်တောဦးစီးဌာနနှင့်သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့်"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဟောပြောပွဲ"အားကျင်းပပြုလုပ်ခဲ့ရာဟောပြောပွဲအခမ်းအနားတွင်သထုံမြို့အခြေခံပညာအထက် တန်းကျောင်း၊ကျောင်းအုပ်ကြီးဦးကျော်ညီညီလတ်မှအဖွင့်အမှာစကားပြောကြားခြင်း၊သထုံမြို့ နယ်သစ်တောဦးစီးဌာန၊ဦးစီးအရာရှိဦးတင်ထွန်းမှမိုးရာသီသစ်ပင်စိုက် ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုး ကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောခြင်း၊သထုံခရိုင်ပတ်ဝန်းကျင်ထန်းသိမ်းရေးဦးစီး ဌာန၊ဒုတိယဦးစီးမှူးဦးသံစဉ်မှူးမှ ရာသီဥတုပြောင်းလဲမှုလျော့ချရေး နှင့်လိုက်လျောညီထွေနေထိုင်ရေးခေါင်းစဉ်ဖြင့်အသိပညာပေးဟောပြောပြီးဇီဝမျိုးစုံမျိုး ကွဲထိန်းသိမ်ရေးဆိုင်ရာပညာပေးဗွီဒီယိုပြသခဲ့ပါသည်။အဆိုပါဟောပြောပွဲသို့သထုံမြို့အခြေခံပညာအထက်တန်းကျောင်းမှကျောင်းအုပ်ကြီးအပါအဝင်ဆရာဆရာမများ၊ကျောင်းသားကျောင်းသူများ၊သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဝန်ထမ်းများနှင့်သထုံမြိုနယ်သစ်တောဦးစီးဌာနမှသစ်တောဝန်ထမ်းများကျား(၇၃)ဦး၊မ(၆၈)ဦး စုစုပေါင်း (၁၄၁)ဦးဟောပြောပွဲသို့တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Tuesday, June 9, 2026 - 15:15