ရန်ကုန်အနောက်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

၂၅-၆-၂၀၂၄ ရက်နေ့၊ (၀၉:၀၀) အချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာ၊ ဇာမဏီဆည်အတွင်း ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ ဝင်များ၊ ကျောင်းသား/ကျောင်သူများ၊ရပ်ကျေးအဖွဲ့ဝင်များနှင့်ဒေသခံပြည်သူများ စုစုပေါင်းအင်း အား(၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး မန်ဂျန်ရှား(၅၀၀)ပင်၊ ပျဥ်းမ(၃၀၀)ပင်၊ မဟော်ဂနီ(၁၀၀) ပင်၊ မာလာလူးကား(၁၀၀)ပင် စုစုပေါင်းပျိုးပင် (၁၀၀၀)ပင်စိုက်ပျိုးခဲ့ပါကြောင်းနှင့် လက်ကမ်းစာစောင် (၂၀၀)စောင်ဖြန့်ဝေပေးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Wednesday, June 26, 2024 - 13:15