တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ထားဝယ်မြို့နယ်၊သစ်တောဦးစီးဌာနမှမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပါတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊သစ်တောဦးစီးဌာန၊ ထားဝယ်ခရိုင်၊ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပါတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲမြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲအခမ်းအနားကို (၁၁-၆-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီ၌ ထားဝယ်မြို့၊ဆင်ဆိပ်ရပ်၊ မန်းရွှေစက်တော်ရာဘုရားဝန်း၊ဓမ္မာရုံအတွင်းကျင်းပဆောင်ရွက်ခဲ့ရာ ဆင်ဆိပ်ရပ်ကွက်နေ ဒေသခံပြည်သူကျား(၆၂)ဦး၊မ( ၂၃)ဉီး ၊ စုစုပေါင်း(၈၅)ဦး တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင်ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး၊ ဦးရဲဝင်းအောင်မှ မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးရန်၊ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းအရာများကို တက်ရောက်လာသူများသို့အသိပညာပေးဆွေးနွေးဟောပြောခြင်းဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။



