၂၀၂၄ ခုနှစ်၊မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံတွင် သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးမှ"နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာသုတေသနနှင့်တီထွင်ဆန်းသစ်မှုအခန်းကဏ္ဍ"ခေါင်းစဉ်ဖြင့်စာတမ်းဖတ်ကြား

၂၀၂၄ ခုနှစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံအား ၂၀၂၄ ခုနှစ်၊ ဇွန်လ(၂၅) ရက်နေ့မှ (၂၇) ရက်နေ့ထိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MICC-II) ၌ ကျင်းပ ဆောင်ရွက်လျက်ရှိရာ (၂၆.၆.၂၀၂၄)ရက်နေ့၊ ညီလာခံ ဒုတိယနေ့တွင် ညီလာခံ၏ ဆောင်ပုဒ်များနှင့်အညီ လူငယ်များအသိအမြင်ဖွံ့ဖြိုးတိုးတက်ပြီး တိုင်းချစ်ပြည်ချစ်စိတ် ရှိသော လူငယ်များပေါ်ထွန်းလာစေရေးအတွက် (Parallel Session) ဆွေးနွေးမှု အစီအစဉ် (၆) ရပ်ဖြင့်ဆွေးနွေးပွဲများကျင်းပဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
အဆိုပါ ဆွေးနွေးမှုအစီအစဥ်(၆)ရပ်အနက် သုတေသနနှင့် တီထွင်ဆန်းသစ်မ ှုကဏ္ဍ-Parallel Session (5) တွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် ကျင်းပသည့်ဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးမှ "နိုင်ငံတော်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်တော နှင့်ပတ်ဝန်းကျင်ဆိုင်ရာသုတေသနနှင့် တီထွင်ဆန်းသစ်မှု အခန်းကဏ္ဍ" ခေါင်းစဉ် ဖြင့် စာတမ်းဖတ်ကြားခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းအကြံပြုချက်များ အပေါ် ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦးမှ ပြန်လည်ဆွေးနွေးဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။

date: 
Wednesday, June 26, 2024 - 21:00