ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်၊"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
(၁၅.၆.၂၀၂၆)ရက်နေ့၊(၀၉:ဝ၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အောင်တပ်ကျေးရွာအုပ်စု၊ နန်းလုံးကြိုင်ကျေးရွာ၊ အ.လ.က-နန်းလုံးကြိုင် တွင် သာပေါင်းမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဝင်းဇော်မှ မိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ ကို ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။အသိပညာပေးဟောပြောပွဲတွင် ကျောင်းသား ကျောင်းသူ ကျား (၅၇)ဦး၊ မ(၇၁)ဦး၊ ကျောင်းသား/သူပေါင်း (၁၂၈) ဦး၊ သစ်တောဝန်ထမ်း(၅)ဦး၊ဆရာမ (၁၀)ဦး၊ စုစုပေါင်း (၁၄၃)ဦးတက်ရောက်ခဲ့ပါသည်။အဆိုပါ ဟောပြောပွဲတွင် ဦးစီးအရာရှိ ဦးသိန်းဝင်းဇော် က မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းနည်းစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သစ်တောသယံဇာတများ ထိန်းသိမ်းရေး၊ ရေသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သာပေါင်းမြို့နယ်မှ ဆောင်ရွက်လျှက်ရှိသည့် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို အသိပညာပေး ဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။


