တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်မှ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ (မြို့နယ်အဆင့်)ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ၊ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်မှမိုးရာသီသစ်ပင်စိုက်ပျိုး၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၁၆-၆-၂၀၂၆)ရက်နေ့နံနက် (၁၃:၀၀)နာရီ၌ ဘုတ်ပြင်းမြို့နယ်၊ ထောင်ခမက်ကျေးရွာအုပ်စု၊ အောက်လိပ်ရွာအထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာဘုတ်ပြင်းမြို့နယ်၊ အောက်လိပ်ရွာ၊အထက်တန်းကျောင်း၊ကျောင်းအုပ်ဆရာမကြီးဒေါ်သဲနုဇင်မွန်နှင့်ဆရာ၊ဆရာမများ ( ၂၆ )ဦး ၊ေကျာင်းသား( ၁၁၄)ဉီး/ကျောင်းသူ( ၂၀၀)ဉီး ၊ စုစုပေါင်း(၃၁၄) ဉီး ၊သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ(၄)ဉီး၊စုစုပေါင်း (၃၄၄)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ဘုတ်ပြင်းမြို့နယ်၊သစ်တောဦးစီးဌာန၊ဉီးစီးအရာရှိ၊ ဦးစောလူးသယ်ရွှေမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းထိန်းသိမ်းရေးအသိပညာပေးဆိုင်ရာ အကြောင်းအရာများ၊သစ်တောသစ်ပင်အသုံးဝင်ပုံများကို တက်ရောက်လာသူများသို့သက်ဆိုင်ရာဌာနအလိုက် အသိပညာပေးဆွေးနွေးဟောပြော ခြင်းဆောင်ရွက်ခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင်တက်ရောက်လာသူများအား မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊သစ်တောထိန်းသိမ်းရေး၊သစ်ပင်စိုက်ပျိုးခြင်း ကြောင့်သဘာဝ ဘေးဒဏ်များမှကာကွယ်ပေးခြင်းဆိုင်ရာ များ၊သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ video clip များပြသခြင်း၊ကျောင်းသို့စာအုပ်၊စာရေးကရိယာများပေးလှူခြ င်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။





