တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၁၆-၆-၂၀၂၆)ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီ၌ ထားဝယ်မြို့၊ ဗျောတောဝရပ်၊ အ.ထ.က(၈)အတွင်း ကျင်းပဆောင်ရွက်ခဲ့ရာ သစ်တောဝန်ထမ်းများ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ ကျား(၇၈)ဦး၊ မ(၆၄)ဦး ၊ စုစုပေါင်း(၁၄၂)ဦး တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ထားဝယ်မြို့နယ် ၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဦးရဲဝင်းအောင်မှ မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးရန်၊ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခြင်းဆောင်ရွက်ခဲ့ပြီးသစ်တောကြေးမုံစာအုပ်များ ကျောင်းသို့ လှူဒါန်းခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ တက်ရောက်လာသူများ၏ သိရှိလိုသည်အချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများနှင့် ကျောင်းဝင်းအတွင်း ကံ့ကော်၊မဟော်ဂနီများအား သရုပ်ပြစိုက်ပျိုးပြသခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Wednesday, June 17, 2026 - 10:15