ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင်"မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့်သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပ

ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ မင်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရက် (၁၀၀) အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ " မိုးရာသီသစ်ပင်စိုက်ပျိုးရေးနှင့် သစ်တောပြုစုထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ" အခမ်းအနားကို ( ၁၆.၆.၂၀၂၆ )ရက်နေ့ ၊နေ့လည်( ၁၃:၂၅)နာရီအချိန်တွင် မင်းလှမြို့နယ်၊ကိုင်းပြင်ကြီးကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ(အ.ထ.က)ကိုင်းပြင်ကြီးကျောင်းမှ ဆရာ(၂)ဦး၊ဆရာမ(၂)ဦး၊ ကျောင်းသား(၆၃)ဦး၊ ကျောင်းသူ(၆၀)ဦး နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း( ၅)ဦး၊ စုစုပေါင်း(၁၃၂ )ဦးတက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် ဦးစီးအရာရှိ ဦး‌အောင်ပြည့်စံမှ သစ်ပင်စိုက်ပျိုးခြင်းနှင့်သစ်တောထိန်းသိမ်းရေးဆိုင်ရာများအသိပညာပေးဟောပြောခြင်း၊တောအုပ်ကြီး ဦးစိုးသန်းမြင့်မှ သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများအသိပညာပေးဟောပြောခြင်းနှင့်တောအုပ် ဦးသိန်းထွန်းအေးမှတရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးဆိုင်ရာများဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြားခြင်းဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Wednesday, June 17, 2026 - 10:15