တနင်္သာရီတိုင်း​ဒေသကြီး၊သစ်​တောဦးစီးဌာန၊မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၊သစ်​တောဦးစီဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုး​ရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာအသိပညာ​ပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်း​ဒေသကြီး၊မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၊သစ်​တောဦးစီးဌာနမှ မိုရာသီသစ်ပင်စိုက်ပျိုး​ရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာအသိပညာ​ပေး​ဟော​ပြောပွဲအခမ်းအနားကို(၁၇.၆.၂၀၂၆) ရက်​နေ့ နံနက်(၀၉း၃၀)နာရီအချိန် ၌ကျွန်းစုမြို့နယ်၊တော​နောက်လယ်​ကျေးရွာ၊အ.ထ.က(ခွဲ)​တော​နောက်လယ်​ကျောင်းအတွင်း ကျင်းပ​ဆောင်ရွက်ခဲ့ရာ သန္တုတ်​ကျေးရွာအုပ်စု၊အုပ်ချုပ်​ရေးမှူး၊သစ်​တောဝန်ထမ်းများ၊ဆရာ/ဆရာမများနှင့်​ကျောင်းသား/​ကျောင်သူ ကျား(၆၃)ဦး၊မ(၁၁၆)ဦး၊စုစု​ပေါင်း(၁၇၉)ဦးတက်​ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ကျွန်းစုမြို့နယ် သစ်​တောဦးစီးဌာန၊မြို့နယ်ဦးစီးဌာနမှူးမှ မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးရန်၊သစ်ပင်များ၏ အကျိုး​ကျေးဇူးများ၊ သစ်​တောနှင့်ဇီဝမျိုးစုံမျိုးစုံထိန်းသိမ်း​ရေး၊ပတ်ဝန်းကျင်ထိန်းသိမ်း​ရေး အ​ကြောင်းအရာများကို တက်​ရောက်လာသူများသို့ အသိပညာ​ပေးဟော​ပြောခြင်း ဆောင်ရွက်ခဲ့ပြီး၊တက်​ရောက်လာသူများ၏ သိရှိလိုသည့်အချက်များအ​ပေါ်ပြန်လည်ရှင်းလင်း​ဖြေကြားခြင်းနှင့် ​ကျောင်းဝင်းအတွင်း မန်ဂျန်ရှားပျိုးပင်များအားသရုပ်ပြစိုက်ပျိုး ပြသခဲ့ပါ​ကြောင်းသတင်းရရှိသည်။

date: 
Thursday, June 18, 2026 - 14:00