“စံပြသစ်တောများတည်ထောင်ခြင်းစီမံကိန်း (FD-AFoCO Model Forest Project)” အထောက်အပံ့ဖြင့် တည်ထောင်သည့် သစ်မျိုးစုံစိုက်ခင်း (၈)ဧကတွင် ၂၀၂၄ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

(၂၉.၆.၂၀၂၄)ရက်နေ့၊ ညနေ(၄:၀၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး ဦးဆောင်၍၊ လေ့ကျင့်ရေးနှင့်သုတေသနဖွံ့ဖြိုး ရေးဌာနနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူး များ၊ နယ်မြေခံ သစ်တောဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ ပါဝင်သည့် အင်အား (၁၅၀)ဦးဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ကောလိယကြိုးဝိုင်း၊ အကွက်အမှတ် (၁)၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၆၉/၁ နှင့် ၆၉/၂ ကြားတွင် သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ အာရှဒေသသစ်တော ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Operation-AFoCO)တို့ ပူးပေါင်းဆောင်ရွက်သည့် “စံပြသစ်တောများ တည်ထောင်ခြင်းစီမံကိန်း (FD-AFoCO Model Forest Project)” အထောက်အပံ့ဖြင့် တည်ထောင်သည့် သစ်မျိုးစုံစိုက်ခင်း (၈)ဧကတွင် ၂၀၂၄ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် အား ပျဉ်းကတိုး (၈၀၀)ပင်၊ ပိတောက် (၄၀၀)ပင်၊ သင်္ကန်း (၂၀၀)ပင်၊ တမလန်း (၁၅၀)ပင်၊ ယမနေ (၄၀၀)ပင်၊ ကညင်နီ (၂၀၀)ပင်၊ မဟော်ဂနီ (၈၀၀)ပင်၊ သပြေကြီး (၂၅၀)ပင်၊ မန်ဂျန်ရှား (၈၂၃)ပင်၊ စုစုပေါင်း (၄,၀၂၃)ပင်အား စိုက်ပျိုးခဲ့ကြောင်းသိရှိရပါသည်။

date: 
Monday, July 1, 2024 - 09:30