မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ကံမမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှ ကင်းကျေးရွာဓမ္မာရုံ၌ "မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပ
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှ(၁၈-၆-၂၀၂၆)ရက်နေ့(၁၂:၀၀)နာရီအချိန်တွင်ကင်းကျေးရွာဓမ္မာရုံ၌ "မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင် ဦးစီးအရာရှိ ဦးကြည်ဌေးက သစ်တောသစ်ပင်များမှရရှိနိုင်သည့်အကျိုးကျေးဇူးများ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းဆိုင်ရာသိကောင်းစရာများ၊ရာသီဥတုပြောင်းလဲမှုလျော့ကျရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်သစ်တောသစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်းသည်ကုန်ကျစရိတ်အသက်သာဆုံးနှင့်လူတိုင်းအလွယ်တကူလုပ်ဆောင်နိုင်သောလွန်စွာထိရောက်သည့်လုပ်ငန်းဖြစ်၍သစ်ပင်စိုက်ပျိုးရေးအလေးထားဆောင်ရွက်ကြပါရန်အသိပညာပေးဟောပြောခဲ့ပါသည်။တောအုပ်ကြီး ဦးထွန်းနိုင်သန်းက သစ်တောသစ်ပင်များစိုက်ပျိုးပြုစုထိန်းသိမ်းခြင်းနည်းစနစ်များ၊သစ်တောဦးစီးဌာနမှ နှစ်စဥ်လူထုဖြန့်ပျိုးပင်များပျိုးထောင်၍ ဌာနဆိုင်ရာများ၊ စာသင်ကျောင်းများ၊ကျေးရွာပြည်သူများသို့အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း၊ပြည်သူလူထုအခြေခံလိုအပ်ချက်ဖြစ်သောထင်း၊တိုင်၊မျော၊သစ်ရရှိရေးနှင့်ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက်သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းရန်လိုအပ်ကြောင်းအသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသော ကျေးရွာပြည်သူများကသိလိုသည်များကို မေးမြန်းခဲ့ရာတာဝန်ရှိသူများမှရှင်းလင်းဖြေကြားခဲ့ပါသည်။ ဟောပြောပွဲသို့ကံမမြို့နယ် ကင်းကျေးရွာ အုပ်စုမှဒေသခံပြည်သူများ၊ကံမမြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှဝန်ထမ်းများ၊ ကျား(၆၉ )ဦး၊ မ(၈၄)ဦး၊စုစုပေါင်း(၁၅၃)ဦးတက််ရောက်ခဲ့ပါကြောင်းသတင်းရရှိသည်။



