ဒိုက်ဦးမြို့နယ်၊သစ်တောဦးစီးဌာနမှမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်တရားမဝင်သစ်လျော့နည်းပပျောက်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှအစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို(၁၈-၆-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ၌ ဒိုက်ဦးမြို့နယ်၊ တာဂွးကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူ(၇၂)ဦး၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများ(၄)ဦး၊ စုစုပေါင်း(၇၆)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် တောအုပ်ကြီး ဦးစိုးတင့်မှ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းရေးဆိုင်ရာများအသိပညာပေးဟောပြောခြင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများအသိပညာပေးဟောပြောခြင်းနှင့် တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးဆိုင်ရာများဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းမိုးရာသီသစ်ပင်စိုက်ပျိုးရေးဆိုင်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကျင်းပဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။



