ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင်မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တောပြုစုထိန်းသိမ်းခြင်း၊ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ပေါင်းတည်မြို့နယ်သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တောပြုစု ထိန်းသိမ်းခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို(၁၉၊၆၊၂၀၂၆)ရက်နေ့နံနက်(၁၀:၃၀)နာရီအချိန်တွင်ပေါင်းတည်မြို့နယ်၊အ.ထ.က( မြို့မ)ကျောင်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာ အ.ထ.က( မြို့မ)ကျောင်းမှကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမ(၁၅)ဦး၊ ကျောင်းသား(၁၀၀)ဦး၊ ကျောင်းသူ(၁၀၀)ဦး၊ သစ်တောဦးစီးဌာနမှဝန်ထမ်း(၆)ဦး၊ စုစုပေါင်း (၂၂၁)ဦးတက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင်ဦးစီးအရာရှိ ဦးဇော်သင်းမှသစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောထိန်းသိမ်းရေးဆိုင်ရာများအသိပညာပေးဟောပြောခြင်း၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက်ကျောင်းသား၊ ကျောင်းသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြား ခြင်းဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။




