မွန်ပြည်နယ်မြေအသုံးချမှုကော်မတီ(တတိယအကြိမ်)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
မွန်ပြည်နယ်မြေအသုံးချမှုကော်မတီ(တတိယအကြိမ်)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၁၈-၆-၂၀၂၆ ရက်နေ့၊ (၁၄:၀၀)နာရီတွင် မော်လမြိုင်မြို့၊ မွန်ပြည်နယ်အစိုးအရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဌ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ကော်မတီအဖွဲ့ဝင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကော်မတီအဖွဲ့ဝင်ဆက်စပ်ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူး/တာဝန်ရှိသူများနှင့် တောင်သူလယ်သမားကိုယ်စားလှယ်များ၊ ဒေသခံတိုင်းရင်းသားကိုယ်စားလှယ်၊ ရပ်မိရပ်ဖကိုယ်စားလှယ်မျာ၊ ကျွမ်းကျင်သူကိုယ်စားလှယ်များ၊ အမျိုးသမီးကိုယ်စားလှယ်များ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ ကော်မတီအဖွဲ့ဝင်မွန်ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်များကဆွေးနွေးခြင်း၊ ပြည်နယ်ကော်မတီ အတွင်းရေးမှူး ပြည်နယ်သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးမှ မွန်ပြည်နယ်မြေအသုံးချမှုကော်မတီဖွဲ့စည်းဆောင်ရွက်မှု၊ ဆောင်ရွက်ချက်များနှင့်ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များအားရှင်းလင်းတင်ပြခြင်း၊တွဲဘက်အတွင်းရေးမှူး ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှရှင်းလင်းတင်ပြခြင်းနှင့်ကော်မတီအဖွဲ့ဝင်ဌာနဆိုင်ရာများမှ မြေအသုံးချမှုဆိုင်ရာကိစ္စရပ်များဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။




