ကျိုက်မရောမြို့နယ်၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
ကျိုက်မရောမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း ခွဲ)ရှင်စောပုပ်ကွက်တွင် ကျိုက်မရောမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမိုးသန့်ဇင်မှ မိုးရာသီသစ်ပင်စိုက်ပျိုးရေးသစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဆိုင်ရာဟောပြောခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊တက်ရောက်လာသည့် ကျောင်းသား/သူများမှ သိရှိလိုသည်များကို ပြန်လည်ဖြေကြားပေးခြင်း၊ ဟောပြောကျင်းပပြုလုပ်ဆောင်ရွက်ပါသည်။ဟောပြောပွဲသို့ ကျောင်းအုပ်ကြီးနှင့်/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်ပြန်/ဆက် ရုံးဝန်ထမ်းများ၊ သစ်တောဝန်ထမ်းများကျား(၅၇)ဦး၊ မ(၉၁)ဦး၊ စုစုပေါင်း(၁၄၈)ဦးတက်ရောက်ပါကြောင်းသတင်းရရှိသည်။



date:
Monday, June 22, 2026 - 10:30
