မြစ်ကြီးနားခရိုင်၊မိုးညှင်းမြို့နယ်၊ညောင်ကိုင်းကျေးရွာအုပ်စု၌သစ်တောထိန်းသိမ်းရေးနှင့်ရေသယံဇာတထိန်းသိမ်းရေးဆိုငရာအသိပညာပေးဟောပြောပွဲနှင့်မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲများအားကျင်းပ

ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင်၊မိုးညှင်းမြို့နယ်၊သစ်တောဦးစီးဌာနမှကြီးမှူး၍(၂၁-၆-၂၀၂၆)ရက်နေ့ (၈:၀၀)နာရီ အချိန်ခန့်တွင်မိုးညှင်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာ၊ အောင်စည်သာယာခန်းမ၌သစ်တောထိန်းသိမ်းရေးနှင့်ရေသယံဇာတထိန်းသိမ်းရေးဆိုငရာအသိပညာပေးဟောပြောပွဲနှင့်သစ်တောမြေနှင့်သစ်တောမြေပြင်ပတွင် စိုက်ပျိုးထားသောသစ်တောသစ်ပင်များ မှတ်ပုံတင်စာရင်းရေးသွင်းနိုင်ရန် အသိပညာပေးဟောပြောပွဲ ၊ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲများအားကျင်းပပြုလုပ်ခဲ့ရာ မိုးညှင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးမင်းကိုကိုမှသစ်တောမြေနှင့်သစ်တောမြေပြင်ပတွင်စိုက်ပျိုးထားသော သစ်တောသစ်ပင်များမှတ်ပုံတင်စာရင်းရေးသွင်းနိုင်ရန် အသိပညာပေးဟောပြောပွဲ၊ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသိကောင်းစရာများအားဟောပြောပို့ချခဲ့ပါကြောင်း၊ မိုးညှင်းမြို့နယ်၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီး ဦးသန့် ဇင်ဦးမှ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးဆိုင်ရာသိကောင်းစရာများကို ဟောပြောပို့ချခဲ့ပါ‌ကြောင်းတက်ရောက်လာသူပြည်သူများကသိလိုသည်များကိုမေးမြန်းခဲ့ရာ ဦးစီးအရာရှိမှပြန်လည်ဖြေကြားခဲ့ရာ(၉:၃၀) နာရီချိန်တွင် ပြီးစီးခဲ့ပါသည်။ ဟောပြောပွဲသို့ ကျား(၁၇)ဦး၊ မ(၂၆)ဦးသစ်တောဦးစီးဌာနမှ(၁၀)ဦး၊ စုစုပေါင်း(၅၃)ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, June 22, 2026 - 15:30