စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်-ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ မြန်မာ့အမျိုးသမီးများနေ့ အထိမ်းအမှတ်သစ်ပင်စိုက်ပျိုးပွဲတော်အားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်-ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေး အဖွဲ့တို့မှကြီးမှုူးကျင်းပသည် မြန်မာ့အမျိုးသမီးများနေ့ အထိမ်း အမှတ် သစ်ပင်စိုက်ပျိုးပွဲတော်အား (၂.၇.၂၀၂၄)ရက်နေ့၊ နံနက်(၈:၀၀)နာရီတွင် ကျင်းပခဲ့ပါ သည်။ ပွဲတော်တွင်း တိုင်းရင်းသားရေးရာဝန်ကြီး၊ ခရိုင်မြို့ နယ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ခရိုင်မြို့နယ်ဌာနဆိုင်ရာများ၊ ခရိုင်မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေးစောင့်ရှောက် ရေးအဖွဲ့ဝင်များ စုစုပေါင်း လူဦးရေ(၄၈၅)ဦး တက်ရောက်ခဲ့ပါသည်။ ဟုမ္မလင်းတံတားချဉ်း ကပ်လမ်းဘေးတွင်၊ ကျွန်း၊ ပျဉ်း၊ စိန်ပန်း၊ မျောက်ငို၊ မန်ဂျန်ရှား စုစုပေါင်း(၄၀၀)ပင် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။

date: 
Tuesday, July 2, 2024 - 13:15