မွန်ပြည်နယ်၊ အမျိုးသမီးရေးရာကော်မတီနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မွန်ပြည်နယ် အမျိုးသမီးရေးရာကော်မတီနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်းကျင်းပ သည့် ၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားအား (၃-၇-၂၀၂၄)ရက်နေ့၊ နံနက်(၀၇:၃၀)နာရီအချိန်တွင် မော်လမြိုင်မြို့ ကြာအင်းရပ်ကွက် အမက (မူလွန်)ကျောင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အမျိုးသမီးရေးရာကော်မတီဝင်များ၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၄၅၀)ဦး တက်ရောက်ပြီး သစ်မျိုး(၅)မျိုး စုစုပေါင်းအပင် (၇၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။

date: 
Thursday, July 4, 2024 - 10:30