မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး"ဆိုင်ရာအသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှကြီးမှူး၍(၂၄-၆-၂၀၂၆)ရက်နေ့(၀၉:၀၀)နာရီအချိန် တောင်တွင်းကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင်"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး"ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာတောင်တွင်းကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှ ဦးမြင့်သန်းကို(ဦးစီးအရာရှိ)မှ သစ်တောသစ်ပင်များမှရရှိနိုင်သည့်အကျိုးကျေးဇူးများ၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းဆိုင်ရာသိကောင်းစရာများအားလည်းကောင်းအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး၊ ဦးထွန်းထွန်းဝင်း(တောအုပ်ကြီး)မှ ၂၀၂၆-ခုနှစ် မိုးရာသီကာလတွင် သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊စာသင်ကျောင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရန် ကျောင်းသား၊ကျောင်းသူများမှ ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန်ဟောပြောဆွေးနွေးခဲ့ပြီး၊သစ်ပင်စိုက်ပျိုးပုံနည်းစနစ်သရုပ်ပြ၍ စာသင်ကျောင်းဝန်းအတွင်း ယင်းမာ၊ရေတမာ၊စိန်ပန်း၊သပြေဘူတ ပျိုးပင်(၄၀)ပင်အားစိုက်ပျိုးခဲ့ပါသည်။ တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများ သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများမှရှင်းလင်းဖြေကြားခဲ့သည်။ဟောပြောပွဲသို့ တောင်တွင်းကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှဝန်ထမ်း(၅)ဦး ၊ အထက(၁)မှ ဆရာ(၃)ဦး၊ဆရာမ(၇)ဦး၊ ကျောင်းသား(၅၁) ဦး၊ကျောင်းသူ (၇၃) ဦး၊ စုစုပေါင်း(၁၃၉)ဦးတက််ရောက်ခဲ့ပါကြောင်းသတင်းရရှိသည်။





