ကျိုက်ထိုမြို့နယ်၊ဖက္ကလိပ်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း(အ.ထ.က - ရွှေဥသြ)၌"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပ

(၂၅-၆-၂၀၂၆)ရက်နေ့(၀၉:၀၀)နာရီ အချိန်တွင် ကျိုက်ထိုမြို့နယ်၊ဖက္ကလိပ်ကျေးရွာ၊အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က - ရွှေဥသြ)၌ ကျိုက်ထိုမြို့နယ်၊သစ်တောဦးစီးဌာနမှ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပပြုလုပ်ခဲ့ရာဟောပြောပွဲအခမ်းအနားသို့ အ.ထ.က(ရွှေဥသြ)မှဆရာမများ၊ကျောင်းသား/ကျောင်းသူများ၊ ကျိုက်ထိုမြို့နယ်သစ်တောဦးစီးဌာနမှဝန် ထမ်းများကျား(၂၆)ဦး၊မ(၃၃) ဦး၊စုစုပေါင်း(၅၉)ဦးတက်ရောက်ခဲ့ပြီးဟောပြောပွဲအခမ်းအနားတွင်ကျိုက်ထိုနယ်သစ်တောဦးစီးဌာနမှေတာအုပ်ကြီးဦးဇင်ကိုလတ်မှ"မိုးရာသီသစ် ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာဟောပြောခြင်း"အနေဖြင့်ရာသီဥတုပြောင်းလဲမှုလျှော့ချရေးတွင်သစ်ပင်သစ် တောများ၏အရေးပါမှု၊သစ်ပင်စိုက်ပျိုးခြင်းဖြင့်ရရှိလာမည့်အ ကျိုးကျေးဇူးများ၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအခြေအနေများအားပညာပေးဟောပြောခြင်း၊ပညာပေးဗွီဒီယိုမှတ်တမ်းပြသခြင်းများဆောင်ရွက်ခဲ့ရာ ကျောင်းသား/သူများမှ သိရှိလိုသည်များမေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Friday, June 26, 2026 - 13:30