စစ်ကိုင်းတိုင်းဒေသကြီးမော်လိုက်ခရိုင်၊ဖောင်းပြင်မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ဇီ၀မျိုးစုံမျိုးကွဲနှင့်ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ် သစ်တောဦးစီးဌာနမှ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ မိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ဇီ၀မျိုးစုံမျိုးကွဲနှင့်ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို၂၅-၆-၂၀၂၆ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဖောင်းပြင်မြို့၊ ကုန်းအောက်တောင်းကျေးရွာ၊အလကကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းသား (၃၅)ဦး ကျောင်းသူ(၄၅)ဦး ဆရာ/ဆရာမ (5)ဦးသစ်တောဦးစီးဌာနမှ ၀န်ထမ်း(၈)ဦး စုစုပေါင်း(၉၃)ဦးတက်ရောက်ခဲ့ကြပါသည်။အဆိုပါအခမ်းအနားတွင် တောအုပ်ကြီးဦးသန်းဇော်၀င်းမှ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးတွင် သစ်တောများ၏အရေးပါမှုနှင့် သစ်တောထိန်းသိမ်းရေးနည်းလမ်းများ သစ်တောဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊သစ်ပင်စိုက်ပျိုးခြင်းနည်းစနစ်များ၊သစ်ပင်စိုက်ပျိုးခြင်း၏အကျိုးရလဒ်များ၊ဇီ၀မျိုးစုံမျိုးကွဲများထိန်းသိမ်းရေးတို့ကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည့်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျွန်း(၁၀)ပင်၊ ပျဉ်းကတိုး(၁၀)ပင်၊ခရေ(၁၀)ပင်နှင့် မန်ဂျန်ရှား(၁၀)ပင် ဖြန့်ဝေပေးခြင်းနှင့်သရုပ်ပြစိုက်ပျိုးခြင်းေဆာင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။





