မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲကျင်းပ
မြင်းခြံခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦး ဝင်းဇော်ပါ (၅)ဦးအဖွဲ့သည် ကျောက်ပန်းတောင်းမြို့ အ-ထ-က (၂)တွင် မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲအား(၂၅-၆.၂၀၂၆)ရက်နေ့၊(၀၉:၃၀)နာရီတွင် ကျင်းပဆောင်ရွက်ရာကျား(၂၂)ဦး၊ မ(၃၄)ဦး စုစုပေါင်း(၅၆)ဦးတက်ရောက်ပါသည်။အဆိုပါဟောပြောပွဲကို မြို့နယ်ဦးစီးမှူး ဦးဝင်းဇော် မှ ပတ်ဝန်းကျင် စိမ်းလန်းသာယာလှပစေရန် သစ်တောသစ်ပင်များစိုက်ပျိုးရန်၊`ဥတုရာသီ၊တောကိုမှီ'ဆိုသကဲ့သို့ သစ်ပင်များနှစ်စဉ်စိုက်ပျိုးသွားခြင်းဖြင့် ရရှိခံစားရမည့် အကျိုးကျေးဇူးများ၊'တစ်ပင်မှတစ်တော၊တစ်တောမှ တစ်တောင်တို့စွမ်းဆောင်'စိုက်ပျိုးပါကလက်ရှိနှင့်အနာဂတ်ရရှိနိုင်သည့် ခံစားမှုများ၊သစ်တောသစ်ပင်များမှ အကျိုးပြုသည့် အကြောင်းတရားများ၊ သဘာပတ်ဝန်းကျင်ထိန်းသိမ်းခြင်းကြောင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရမည့် အကြောင်းအရာများ၊ သစ်တောသစ်ပင်စိုက်ပျိုးရေးလုပ်ငန်းများကို ကျောင်းသား/သူများပူးပေါင်းပါဝင်လာစေရန် ဆွေးနွေးဟောပြောခဲ့ပါသည်။



