ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မှမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်းဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို ( ၂၅.၆.၂၀၂၆ )ရက်နေ့ ၊နံနက်( ၁၁:၀၀)နာရီအချိန်တွင် ရေတာရှည်မြို့နယ်၊ ဂုံမင်းကွင်းကျေးရွာအုပ်စု၊ ၆မိုင်ကျေးရွာ၊ အခြေခံမူလတန်းလွန်ကျောင်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းဆရာမ(၃) ဦး၊ ကျောင်းဆရာ(၁)ဦး ကျောင်းသား(၃၀)ဦး၊ ကျောင်းသူ(၄၀)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၄)ဦး၊ စုစုပေါင်း(၇၈)ဦးတို့တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် တောအုပ်ကြီး ဦးတင့်လွင်ဦးမှ မိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း၊တောအုပ် ဦးဇင်စိုးငြိမ်းမှ ဇီဝမျိုးစုံမျိုးကွဲများအကြောင်းအရာများတို့ကို တက်ရောက်လာသူများထံသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။


