တနင်္သာရီတိုင်း​ဒေသကြီး၊သစ်​တောဦးစီးဌာန၊မြိတ်ခရိုင်၊မြိတ်မြို့နယ်၊သစ်​တောဦးစီဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုး​ရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာ အသိပညာ​ပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်း​ဒေသကြီး၊မြိတ်ခရိုင်၊မြိတ်မြို့မြို့နယ်၊သစ်​တောဦးစီးဌာနမှ မိုရာသီသစ်ပင်စိုက်ပျိုး​ရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာအသိပညာ​ပေး​ဟော​ပြောပွဲအခမ်းအနားကို(၂၆.၆.၂၀၂၆) ရက်​နေ့ နံနက်(၀၉း၃၀)နာရီအချိန် ၌ မြိတ်မြို့နယ်၊‌ ဈေးတန်းရပ်ကွက်၊အ.ထ.က(ခွဲ)​အ.လ.က(၁)ကျောင်းတွင်ကျင်းပ​ဆောင်ရွက်ခဲ့ရာ သစ်တောဝန်ထမ်းများ၊ကျောင်းအုပ်ဆရာကြီးနှင့်ဆရာမများ၊ ကျောင်းသား/​ကျောင်းသူများ ၊ဈေးတန်းရပ် ရာအိမ်မှူး ကျား(၅၉)ဦး၊မ(၅၀)ဦး၊ စုစု​ပေါင်း(၁၀၉)ဦးတက်​ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် မြိတ်မြို့နယ် သစ်​တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုမှ သစ်ပင်များ၏ အကျိုး​ကျေးဇူးများ၊ သစ်​တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာအ​ကြောင်းအရာများအား တက်​ရောက်လာသူများကို အသိပညာ​ပေး ​ဟော​ပြောခြင်းဆောင်ရွက်ခဲ့ပါသည်။ဆက်လက်၍‌ တောအုပ်ကြီး ဦးကျော်မြင့်ထွန်းမှ မိုးရာသီသစ်ပင်စိုက်ပျိုး‌ရေး၊ ရေချွေတာ‌ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများ‌ကို ဟောပြောပို့ချပြီးတက်​ရောက်လာသူများအား သစ်ပင်စိုက်ပျိုး၊ပြုစု ခြင်းလက်ကမ်းစာ‌ စောင်များအားဖြန့်ဝေပေးပြီး ကျောင်းဝင်းအတွင်း ထိုင်ဝမ်ဗန်ဒါနှင့်မာတာကွတ်ပျိုးပင်များအားသရုပ်ပြစိုက်ပျိုး ပြသခဲ့ပါ​ကြောင်းသတင်းရရှိသည်။

date: 
Friday, June 26, 2026 - 15:30