လှည်းကူးမြို့နယ်၊ ဝါးနက်ကုန်းကျေးရွာအုပ်စု(ကျောင်းစု) ကုန်ထုတ်မြေသားလမ်း၌ သစ်တောဦးစီးဌာနနှင့်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနတို့ပူးပေါင်း၍လမ်းဘေးဝဲ/ယာသစ်ပင် စိုက်ပျိုးပွဲကျင်းပ

(၉.၇.၂၀၂၄) ရက်နေ့၊ (၀၈:၀၀)နာရီအချိန်တွင် လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာန မှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးကျော်ပါသစ်တောဝန်ထမ်း (၁၀)ဦး၊ ခရိုင်ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးဘသိန်းပါ ဝန်ထမ်း(၉)ဦး၊ မြို့နယ်ကျေးလက် ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာစိုးပါ ဝန်ထမ်း (၁၂)ဦးနှင့် ဝါးနက်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးပါ ဒေသခံပြည်သူ (၁၅၀)ဦးတို့ စုပေါင်း ၍ တက်ရောက်သူ (၁၈၁)ဦးဖြင့် မန်ဂျန်ရှား (၁၅၈၀)၊ မဟော်ဂနီ (၅၀၀)၊ပျဉ်းကတိုး(၅၀၀)၊ ပျဉ်းမ(၅၀၀)ပင် စုစုပေါင်း(၃၀၈၀)ပင်အား လှည်းကူးမြို့နယ်၊ ဝါးနက်ကုန်းကျေးရွာအုပ်စု (ကျောင်းစု) ကုန်ထုတ်မြေ သားလမ်းလမ်းဘေးဝဲ/ယာ၌ စုပေါင်းသစ်ပင်စိုက်ပျိုး ပွဲကျင်းပ ပြုလုပ်ခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Tuesday, July 9, 2024 - 14:00