ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ရေကြည်မြို့နယ်၊မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

(၂၆.၆.၂၀၂၆)ရက်နေ့၊နံနက်(၁၀:၃၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ရေကြည်မြို့၊ အ.ထ.က(ရေကြည်)၊တေဇာသီရိခန်းမဆောင်တွင် ရေကြည်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထူးနိုင်မှမိုးရာသီသစ်ပင်စိုက်ပျိုး ရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပ ဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင်သစ်တောဝန်ထမ်း(၅)ဦး၊ ဆရာ၊ဆရာမ (၈)ဦး၊ ကျောင်းသား(၁၃၀)ဦး၊ ကျောင်းသူ(၁၂၀)ဦး၊ စုစုပေါင်း(၂၆၃)ဦး တက်ရောက်ခဲ့ပါသည်။(ကျား - ၁၃၅ဦး၊ မ - ၁၂၈ ဦး) အဆိုပါ အခမ်းအနားတွင် ဦးစီးအရာရှိ ဦးတင်ထူးနိုင်မှ မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝမှုအခြေအနေ၊ သဘာဝထိန်းသိမ်းရေး နယ်မြေများ ဖွဲ့စည်းတည်ထောင်ထားမှုအခြေအနေ၊ သစ်တော ဖုံးလွှမ်းမှု အခြေအနေ၊ သစ်တောပြုန်းတီးမှုကို ဖြစ်ပေါ်စေသည့်အကြောင်း အရင်းများ၊ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ အကြောင်းအရာများ၊ သစ်တောမြေပြင်ပ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ ပတ်ဝန်ကျင်ဆိုင်ရာ ပြဿနာများ နှင့် ဖြေရှင်းရမည့် နည်းလမ်းများ၊ ရေကြည်မြို့နယ်မှ ဆောင်ရွက်လျှက်ရှိသည့် ပြည်သူ လူထု ပူးပေါင်းပါဝင်သည့် သစ်တော သစ်ပင်စိုက်ပျိုး ထိန်းသိမ်းရေး လုပ်ငန်းများစသည့် အကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ပါကြောင်းနှင့် ဆွေးနွေး မေးမြန်းချက်များကိုလည်း ပြန်လည် ဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါသည်။ ဆက်လက် ၍ “စိမ်းလန်းအနာဂါတ်မြေကမ္ဘာသစ်ပင်စိုက်ပျိုးမှ လှပမှာ”စာစီစာကုံး ခေါင်းစဉ်ဖြင့် ဆုရရှိသည့် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသူ/ သားများကို ကျောင်းသုံးစာအုပ်များနှင့်ဆုလက်ဆောင်များ အမှတ်တရ ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Monday, June 29, 2026 - 11:00