ကျောက်ဆည်ခရိုင်၊ကျောက်ဆည်မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှ ကျောက်ဆည်မြို့နယ်၊သံရွာကျေးရွာအုပ်စုတွင် မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ

ကျောက်ဆည်ခရိုင်၊ကျောက်ဆည်မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးခွန်ဖိုး၊ဟန်မြင့်မိုရ်ဘိနယ်တာဝန်ခံ တောအုပ်ဦးဇော်ဝင်းမြင့် ပါ (၃)ဦးအဖွဲ့သည် ကျောက်ဆည်မြို့နယ်၊သံရွာကျေးရွာအုပ်စု၊ရှိဦးမျိုးထွန်း၊ ကျောက်ခွဲစက်ရုံ၏နား‌ နေ ဆောင်ခန်းမတွင် မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဟောပြော ပွဲ(မြို့နယ်အဆင့်)ကို (၂၉.၆.၂၀၂၆)ရက်နေ့၊(၉:၃၀)နာရီတွင် ကျင်းပဆောင်ရွက်ရာ သစ်တောဝန်ထမ်း(၃)ဦး၊ဒေသခံပြည်သူများ ကျား(၄၅)ဦး၊မ(၁၀)ဦး၊စုစုပေါင်း(၅၈)ဦးတက်ရောက်ပါသည်။အဆိုပါဟောပြောပွဲကို မြို့နယ်ဦးစီးအရာရှိ ဦးခွန်ဖိုးမှ ရပ်ကွက်/ကျေးရွာအတွင်း၊အပြင် စိမ်းလန်းသာယာလှပစေရန် သစ်တောသစ်ပင်များစိုက်ပျိုးရန်၊`ဥတုရာသီ၊တောကိုမှီ'ဆိုသကဲ့သို့ သစ်ပင်များနှစ်စဉ်စိုက်ပျိုးသွားခြင်းဖြင့် ရရှိခံစားရမည့် အကျိုးကျေးဇူးများ၊'တစ်ပင်မှတစ်တော၊တစ်တောမှ တစ်တောင် တို့စွမ်းဆောင်' စိုက်ပျိုးပါက လက်ရှိနှင့်အနာဂတ်ရရှိနိုင်သည့် ခံစားမှုများ၊သစ်တောသစ်ပင်များမှ အကျိုးပြုသည့် အကြောင်းတရားများကို ဆွေးနွေးဟောပြောခဲ့ပါသည်။တောအုပ်ဦးဇော်ဝင်းမြင့််မှလည်း သဘာပတ်ဝန်းကျင်ထိန်းသိမ်းခြင်းကြောင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရမည့် ကြောင်းအရာများ၊သစ်တောသစ်ပင်စိုက်ပျိုးရေးလုပ်ငန်းများကို ပြည်သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် ဆွေးနွေးဟောပြော၍(၁၀:၃၀)နာရီတွင်ဟောပြောပွဲပြီးစီးကြောင်း သတင်းရရှိသည်။

date: 
Tuesday, June 30, 2026 - 10:15