အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီ(တတိယအကြိမ်) ပြည်နယ်အဆင့် သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

(၁၃-၇-၂၀၂၄)ရက်နေ့၊ (၀၇:၀၀)နာရီအချိန်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)၌ ၂၀၂၄ ခုနှစ်၊ မိုးရာသီ(တတိယအကြိမ်) ပြည်နယ်အဆင့် သစ်ပင်စိုက်ပွဲ အခမ်းအနားကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်/ ကောလိပ်/ သင်တန်းကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ၊ သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း(၆၀၀)ဦးတက်ရောက်ခဲ့ပြီး ကျွန်း(၃၆၈)ပင်၊ ပိတောက် (၃၉၁)ပင်၊ ကံကော် (၆၂)ပင်၊ ငုရွှေဝါ (၁၅၄)ပင်၊ သပြေ (၁၁၀)ပင်၊ ခရေ(၁၁၀)ပင်၊မဟော်ဂနီ(၁၃၈)ပင်၊ ရေတမာ(၂၈)ပင်၊ စုစုပေါင်း(၁၃၆၁)ပင်အား အောင်မြင်စွာ စုပေါင်းစိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Saturday, July 13, 2024 - 13:00