စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်းဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်နှင့်အညီ “မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”အခမ်းအနားကို(၂၉.၆.၂၀၂၆)ရက်နေ့၊ (၁၅:၃၀)နာရီ အချိန်တွင် စစ်ကိုင်းမြို့၊ ထုံးဘိုရပ်ကွက်၊ ကျိုက်ပတိုင်ကျောင်းတိုက်ဓမ္မာရုံတွင်ကျင်းပခဲ့ရာ အမျိုးသမီး(၅၃)ဦး၊ အမျိုးသား(၉)ဦး၊ မြို့နယ်သစ်တောဝန်ထမ်း(၇)ဦး၊ စုစုပေါင်း(၆၉)ဦးတက်ရောက်ခဲ့ပါသည်။ ဆွေးနွေး‌ဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးရဲထက်အောင်-၁ မှ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးတွင် သစ်တောများ၏ အရေးပါမှုနှင့် သစ်တောထိန်းသိမ်းရေး နည်းလမ်းများ သစ်တောဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ သစ်ပင် စိုက်ပျိုးခြင်းနှင့်ပြုစုထိန်းသိမ်းရေးနည်း စနစ်များ၊ သစ်ပင်စိုက်ပျိုးခြင်း၏အကျိုးရလဒ်များ၊ ဇီ၀မျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံး တွင်လူထုဖြန့်ပျိုးပင်များ အခမဲ့ထုတ်ယူနိုင် ပါကြောင်းတို့ကို အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပါကြောင်းနှင့် ဒေသခံပြည်သူများမှ မေးမြန်း သည့်သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ လက်ကမ်းစာဆောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Tuesday, June 30, 2026 - 13:30