သစ်တောများအားမှီခိုနေထိုင်သူများ၏လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက်သစ်တော ထိန်းသိမ်းခြင်းနှင့်ဒေသခံပြည်သူအခြေပြုစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးမှုဆိုင်ရာစံပြသစ် တောများတည်ထောင်ခြင်းစီမံကိန်း(FD-AFoCO Model Forest Project)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီး ဌာနသည် ကိုရီးယားနိုင်ငံ၊ အာရှဒေသသစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Organization – AFoCO)၏ ရန်ပုံငွေအထောက်အပံ့ဖြင့် “သစ်တောများအား မှီခိုနေထိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် သစ်တော ထိန်းသိမ်းခြင်းနှင့် ဒေသခံပြည်သူအခြေပြု စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးမှုဆိုင်ရာ စံပြသစ် တောများ တည်ထောင်ခြင်းစီမံကိန်း (FD-AFoCO Model Forest Project)” ကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလမှစတင်၍ ၂၀၂၅ ခုနှစ်၊ မတ်လအထိ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။ အဆိုပါ စီမံကိန်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သစ်တောဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀:၀၀ နာရီမှ မွန်းတည့် ၁၂:၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးကို လေ့ကျင့်ရေးနှင့်သုတေသနဖွံ့ဖြိုးရေးဌာနနှင့် ပဲခူးတိုင်းဒေသကြီးမှ ညွှန်ကြားရေးမှူးများ၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်နှင့် ပြည်ခရိုင်၊ ပေါက်ခေါင်း မြို့နယ်နှင့် ရွှေတောင်မြို့နယ်တို့မှ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများ၊ တောအုပ်ကြီးများအပါအဝင် စုစုပေါင်း (၁၄) ဦးတက်ရောက်လျက် လုပ်ငန်းညှိနှိုင်း ဆွေးနွေး ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

date: 
Monday, July 15, 2024 - 12:00