ရေးမြို့နယ်၊သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

(၂၉.၆.၂၀၂၆)ရက်နေ့၊နံနက်(၀၉:၅၀)အချိန်၊ ရေးမြို၊ အောင်မင်္ဂလာရပ်ကွက်၊ အမှတ်၊ ၂ အခြေခံပညာအထက်တန်း ကျောင်းတွင် မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲဆောင်ရွက်ရာ ရေးမြို့နယ်၊သစ်တောဦးစီးဌာန၊ဦးစီးအရာရှိ ဦးရွှေနိုင်မှ မိုးရာသီသစ်ပင်စိုက်ပျိုး​ရေး၊ ၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးခြင်းကိုလည်း​​ကောင်း၊တောအုပ် ဦးကိုကိုမှ သစ်ပင်၏ အရေးပါပုံကိုလည်း​ကောင်း ဟောပြောဆောင်ရွက်ခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ဆရာ/မ(၆) ဦး ကျောင်းသား (၅၀)ဦး ကျောင်းသူ(၆၀)ဦး၊ ဦးစီးအရာရှိပါဝန်ထမ်း(၇)ဦး၊ စုစုပေါင်း(၁၂၃)ဦး ဟောပြောပွဲသို့တက်ရောက်ပါသည်။ ဟောပြောပွဲအပြီးတွင် ကျောင်းဝန်းအတွင်း စိမ်းလန်းစိုပြည်စေရန်အတွက် ဆရာမများ ကျောင်းသား/သူများနှင့်အတူ ခရေ (10) ပင်၊ မဟော်ဂနီ(20)ပင် စုစု​​ပေါင်း(၃၀)ပင်စိုက်ပျိုးဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Tuesday, June 30, 2026 - 13:45