ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ လင်းခေးမြို့နယ်တွင် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကျင်းပ

(၁၅-၇-၂၀၂၄)ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ နောင်လုံကျေးရွာအုပ်စု၊‌နောင်လုံ ကျေးရွာ၊ ကော်မိုင်းဘုရားတွင် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနား ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် လင်းခေးမြို့နယ်၊ စစ်ဗျူဟာအခြေချလင်းခေးမှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ထွန်းလတ်၊ လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥကဌ ဦးနေဝင်း၊ လင်းခေးခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနိုင်တို့မှ ဦးဆောင်၍ လင်းခေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကော်မိုင်းဘုရား ဆရာတော်နှင့်ဂေါပကအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ဒေသခံပြည်သူများ၊ဆရာ၊ဆရာမများနှင့် သစ်တော ဦးစီး ဌာနမှဝန်ထမ်းများ စုစုပေါင်းအင်အား (၃၀၀) ခန့်ဖြင့် သရက်၊ ပိန္နဲ၊ ထောပတ်၊ မာတာကွတ်၊ မန်ကျည်း၊ ကျွန်း၊ မယ်ဇလီ၊ ရေတမာ၊ စုစုပေါင်း (၅၀၀ )ပင်အား စိုက်ပျိုးခဲ့ပါကြောင်းသိရှိရပါသည်။

date: 
Monday, July 15, 2024 - 18:45