တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်မှ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ကော့သောင်းခရိုင်၊ဘုတ်ပြင်းမြို့နယ်မှမိုးရာသီသစ်ပင်စိုက်ပျိုး၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမြို့နယ်အဆင့်အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၂၉-၆-၂၀၂၆)ရက်နေ့၊ နံနက်(၁၃:၀၀)နာရီ၌ ဘုတ်ပြင်းမြို့နယ်၊ကရသူရိမြို့၊အထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာဘုတ်ပြင်းမြို့နယ်၊ကရသူရိမြို့အထက်တန်းကျောင်း၊ကျောင်းတာဝန်ခံဆရာမကြီးဒေါ်ရီချိုနှင့်ဆရာမများ(၈)ဦး ၊ေကျာင်းသား( ၃၇)ဦး/ကျောင်းသူ( ၁၁၈)ဦး၊ စုစုပေါင်း(၁၆၃)ဦး ၊သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ(၂)ဦး၊စုစုပေါင်း(၁၆၅)ဦးတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဘုတ်ပြင်းမြို့နယ်၊သစ်တောဦးစီးဌာန၊တောအုပ်၊ ဦးရဲထက်အောင်မှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းထိန်းသိမ်းရေးအသိပညာပေးဆိုင်ရာ အကြောင်းအရာများ၊သစ်တောသစ်ပင်အသုံးဝင်ပုံများကို တက်ရောက်လာသူများသို့အသိပညာပေးဆွေးနွေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင်တက်ရောက်လာသူများအား မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊သစ်တောထိန်းသိမ်းရေး၊သစ်ပင်စိုက်ပျိုးခြင်းကြောင့်သဘာဝဘေးဒဏ်များမှကာကွယ်ပေးခြင်းဆိုင်ရာ များ၊သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။


