တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို(၂၉-၆-၂၀၂၆)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီ၌ ထားဝယ်မြို့၊ ဝဲကျွန်းထိန်သစ်ရပ်၊မဟာရွှေဂုဏ်ထူးကိုယ်ပိုင်အထက်တန်းကျောင်းအတွင်း ကျင်းပဆောင်ရွက်ခဲ့ရာ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ ကျား(၁၁၃)ဦး၊ မ(၁၅၁)ဦး ၊ စုစုပေါင်း(၂၆၄)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် ထားဝယ်မြို့နယ် ၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဦးရဲဝင်းအောင်မှ မိုးရာသီကာလအတွင်းသစ်ပင်စိုက်ပျိုးရန်၊သစ်ပင်များ၏ အကျိုးကျေးဇူးများ၊သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခြင်းဆောင်ရွက်ခဲ့ပြီးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ တက်ရောက်လာသူများ၏ သိရှိလိုသည်အချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Tuesday, June 30, 2026 - 14:00