ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာမှ (၂၉.၆.၂၀၂၆) ရက်နေ့ (၀၉:၃၀)နာရီတွင် ကလေးဝမြို့၊ အမှတ်(၅) အခြေခံပညာမူလတန်းကျောင်း၌ “မိုးရာသီ သစ်ပင် စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပရာ ကလေးဝမြို့နယ်၊သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးတင်ထွန်းမှ ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။တက်ရောက်သည့် ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည့်မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများသို့ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်းနှင့်ဟောပြောပွဲသို့ ကျောင်းဆရာ(၂)ဦး၊ ကျောင်းဆရာမ (၄)ဦး၊ ကျောင်းသား(၃၂)ဦး၊ ကျောင်းသူ(၄၁)ဦး သစ်တောဦးစီးဌာန ဝန်ထမ်း (ကျား)(၅)ဦး ပေါင်း(၈၄)ဦးတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိသည်။



