ရွှေဘို/ရေဦးခရိုင်၊ရေဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
ရေဦးမြို့နယ်၊ သစ်တောဦးစီးဌာမှ (၂၉.၆.၂၀၂၆) ရက်နေ့ (၁၀:၀၀)နာရီတွင် ရေဦးမြို့၊ အ.ထ.က(၂)အခြေခံပညာအထက်တန်းကျောင်း၌မီးသတ်ဦးစီးဌာနမှသဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောခြင်းနှင့်အတူသစ်တောဦးစီးဌာနမှ “မိုးရာသီ သစ်ပင် စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကိုပူးပေါင်းဆောင်ရွက်ခဲ့ရာရေဦးမြို့နယ်၊ သစ်တောဦးစီးဌာနတောအုပ် ဦးစည်သူအောင်မှ ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။တက်ရောက်သည့် ကျောင်းသား/ကျောင်းသူများသို့သစ်ပင်စိုက်ပျိုးခြင်းကိုသရုပ်ပြစိုက်ပျိုးပေးခဲ့ပါကြောင်းနှင့် ဟောပြောပွဲသို့ ကျောင်းဆရာ(၁)ဦး၊ ကျောင်းဆရာမ(၁၉)ဦး၊ ကျောင်းသား(၆၀)ဦး၊ ကျောင်းသူ(၉၀)ဦး သစ်တောဦးစီးဌာနဝန်ထမ်း (ကျား)(၃)ဦး၊မီးသတ်ဦးစီးဌာနမှ(ကျား)(၁၅)ဦးပေါင်း(၁၈၈)ဦးတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိသည်။

