တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၃၀-၆-၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၁၅)နာရီ၌ ရေဖြူမြို့နယ်၊ မိကျောင်းလှောင်းရွာသစ် ကျေးရွာ၊ အ.မ.က စာသင်ကျောင်း၌ ကျင်းပဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမ၊ ကျောင်းသား/သူ ကျား (၄၀) ဦး၊ မ(၄၇)ဦး ၊ စုစုပေါင်း(၈၇)ဦး တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် သစ်တောဦးစီးဌာနမှ တောအုပ် ဦးထက်လင်းဦးမှ မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးရန်၊ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခြင်းဆောင်ရွက်ခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ တက်ရောက်လာသူများ၏ သိရှိလိုသည်အချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Friday, July 3, 2026 - 14:15