ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်မှ ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲကိုကျင်းပ

ဗန်းမော်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်ဇော်လတ်၏ ဦးဆောင်မှုဖြင့် သစ်တောဦးစီးဌာန၊ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်မှ (၁၈-၇-၂၀၂၄) ရက်နေ့၊ နံနက်(၀၈:၀၀)နာရီတွင် အစိုးရနည်းပညာအထက်တန်းကျောင်း(ဗန်းမော်)၌ “၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲ“ကို ကျင်းပဆောင်ရွက်ခဲ့ရာ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့/ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ နည်းပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ သစ်တောဝန်ထမ်း များ စုစုပေါင်း (၃၀၀)ဦး တက်ရောက်၍ ကျွန်း(၆၀၀)၊ ပျဉ်းကတိုး(၂၀၀)၊ ပိတောက်(၃၅)၊ မဟော်ဂနီ(၃၅)၊ တမလန်း(၂၅၀)၊ ကညင်(၂၅၀)၊ ခရေ(၁၃၀)၊ စုစုပေါင်း(၁၅၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပါကြောင်း သိရှိရပါသည်။

date: 
Friday, July 19, 2024 - 19:15