ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းမြို့နယ်သစ်တောဦးစီးဌာနမှ "၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲ"ကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းမြို့နယ် သစ်တောဦးစီးဌာနမှ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၈.၇.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၂၀) နာရီ အချိန်၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံဖြိုးရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Smart Village (ခေတ်မီစံပြကျေးရွာ) စီမံကိန်းဖြစ်သည့် မိုးညှင်း မြို့နယ်၊ သာယာကုန်းခေတ်မီစံပြကျေးရွာ၊ အာနန္ဒာဗောဓိဘုရား ပရဝဏ်အတွင်း "၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲ" ကျင်းပရာ မိုးညှင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးညီညီလွင်မှ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြတ်ခိုင်ကို၊ မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာရပ်မိ ရပ်ဖများနှင့် ဒေသခံပြည်သူများ၊ စုစုပေါင်း(၁၅၀)ဦးတို့မှ အမြင့်(၂)ပေအထက်ရှိသော ကျေးရွာဒေသခံတို့ စိုက်ပျိုးလိုသည့် မန်ဂျန်ရှား(၁၀၀)ပင်၊ စွယ်တော်(၁၀၀)ပင်၊ စုစုပေါင်း(၂၀၀)ပင်အား မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်း စိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။ မိုးညှင်းမြို့နယ်၊ သစ်တောဦးစီးဌာနအနေဖြင့် အဆိုပါသာယာကုန်း ခေတ်မီ စံပြကျေးရွာတွင် ၂၀၂၄- ခုနှစ်မိုးရာသီ၊ သစ်တောမြေပြင်ပ (တစ်ရွာနှစ်ဧက) ကျေးရွာထင်း စိုက်ခင်း(၂)ဧကကိုလည်း တည်ထောင်စိုက်ပျိုး ဆောင်ရွက်လျက်ရှိပါကြောင်း သိရှိရပါသည်။

date: 
Friday, July 19, 2024 - 19:15