ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်၊သစ်တောဦးစီးဌာနမှ"ရေချွေတာသုံးစွဲရေးနှင့် တောင်ယာများခုတ်ထွင်မီးရှို့မှုမပြုလုပ်ရေးဆိုင်ရာအသိပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊အုတ်တွင်းမြို့နယ်၊သစ်တောဦးစီးဌာနမှရက်(၁၀၀)အတွင်းဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီ"ရေချွေတာသုံးစွဲရေးနှင့် တောင်ယာများခုတ်ထွင်မီးရှို့မှု မပြုလုပ်ရေးဆိုင်ရာအသိပေးဟောပြောပွဲ'’အခမ်းအနားအား (၁-၇-၂၀၂၆)ရက်နေ့ (၉:၄၅)နာရီ အချိန်၌ အုတ်တွင်းမြို့နယ်၊ ကိုင်းတာကြီးကျေးရွာ၊ ဦးအောင်ကြိုင်(ရပ်မိရပ်ဖ)နေအိမ်ခြံဝန်းတွင်ကျင်းပဆောင်ရွက်ခဲ့ရာ သစ်တောဝန်ထမ်း(၄)ဦး၊ဒေသခံပြည်သူ ကျား(၁၇)ဦး၊ မ(၂၁)ဦး၊ စုစုပေါင်း (၃၈)ဦးတတ်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီး - ဦးဇော်မင်းဦးမှ"ရေချွေတာသုံးစွဲရေးနှင့် တောင်ယာများခုတ်ထွင်မီးရှို့မှုမပြုလုပ်ရေးဆိုင်ရာအသိပညာပေးအကြောင်းအရာများကို ဟောပြောပို့ချခဲ့ပြီး တတ်ရောက်လာသူ များမှသိရှိလိုသည်များကို ရှင်းလင်းပြောကြားဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Monday, July 6, 2026 - 11:00