ပြည်ခရိုင်၊ပြည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ''မိုးရာသီသစ်ပင်စိုက်ပျိုး၊ပြုစု၊ထိန်းသိမ်းခြင်း အသိပညာပေးဟောပြောခြင်း''အစီအစဉ်အားကျင်းပ

ပြည်ခရိုင်၊ပြည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ (၁၈-၇-၂၀၂၄)ရက်နေ့ (၁၃:၀၀)နာရီ အချိန်တွင် ဝက်ထီးကန် အ.ထ.က ကျောင်းတွင် ''မိုးရာသီ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်း အသိပညာပေးဟောပြောခြင်း''အား သစ်တောဦးစီးဌာန၊ ပြည်ခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ပြည်မြို့နယ် ဦးစီးအရာရှိတို့မှ အသိပညာပေးဟောပြော ခြင်းဆောင်ရွက်ခဲ့ရာ ဆရာ/ဆရာမများနှင့် ကျောင်းသူ၊ကျောင်းသား(၁၂၀)ဦး တက်ရောက်ခဲ့ ပြီး ကျောင်းသူ၊ကျောင်းသားများအား ကျောင်းသုံးဗလာစာအုပ်နှင့် ဘောပင်များ၊ လက်ကမ်း စာစောင်များ ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Friday, July 19, 2024 - 19:30