ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်မှ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ "မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"အခမ်းအနားကို( ၁.၇.၂၀၂၆ )ရက်နေ့၊ နေ့လည်(၁:၀၀)နာရီအချိန်တွင် အုတ်တွင်းမြို့နယ်၊ ပဲခူးလမ်း အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ကြီးပါ ကျောင်းဆရာမ(၆) ဦး၊ ကျောင်းသား(၂၈) ဦး၊ ကျောင်းသူ(၂၉) ဦးနှင့် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း(၇)ဦး၊ စုစုပေါင်း(၇၀)ဦးတို့တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တောအုပ်ကြီး ဦးနိုင်ထက်အောင်မှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး စသည့် အကြောင်းအရာများတို့ကို တက်ရောက်လာသူများထံသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်း၊ သစ်ပင်စနစ်တကျစိုက်ပျိုးခြင်းကိုသရုပ်ပြဆောင်ရွက်ခဲ့ပါကြောင်းနှင့် ကျောင်းပရဝဏ်အတွင်း အရိပ်ရပင်(၁၂)ပင် စိုက်ပျိုး​ပေးခဲ့ပါကြောင်းသတင်းရရှိသည်။

date: 
Monday, July 6, 2026 - 11:15