သစ်တောဦးစီးဌာန၊ ဆဌမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဝန်ထမ်းမိသားစုများ၏ ဆဌမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို (၂၂-၇-၂၀၂၄)ရက်နေ့၊ နံနက်(၀၆:ဝဝ)နာရီအချိန်တွင် သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမတွင် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ သောင်းနိုင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း/အမှုထမ်းများ တက်ရောက်ကြပါသည်။ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် သစ်တောဦးစီးဌာန၊ ဆရာဒကာကျောင်းဖြစ်သော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ မြသိန်းတန်ပရိယတ္တိစာသင်တိုက်၊ ပဓာန နာယကဆရာတော်အပါအဝင် ပင့်သဃာ(၁၀)ပါးတို့အား ဝါဆိုသင်္ကန်းနှင့် လှူဘွယ်ဝတ္ထူများ ဆက်ကပ်လှူဒါန်းခြင်း၊ အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချတရားနာယူ ခဲ့ကြကြောင်းသိရှိရပါသည်။

date: 
Monday, July 22, 2024 - 12:30