တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ပုလောမြို့နယ်၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို (၂-၇-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ၌ ထားပုလောမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ကြီးနှင့်ဆရာ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ ကျား(၆၈)ဦး၊ မ(၁၄၉)ဦး၊ သစ်တောဝန်ထမ်း(၆)ဦးစုစုပေါင်း(၂၂၃)ဦးတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပုလောမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးတင်အောင်မျိုးမှ မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးရန်၊ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခြင်းဆောင်ရွက်ခဲ့ပြီးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ သစ်တောကြေးမုံ စာအုပ်များ ကျောင်းစာကြည့်တိုက်သို့လှူဒါန်းခြင်းတက်ရောက်လာသူများ၏ သိရှိလိုသည်အချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းနှင့် အခမ်းနားပြီးဆုံးချိန်တွင် တက်ရောက်လာသောကျောင်းသား/ကျောင်းသူများနှင့်ဆရာမများအား သစ်ပင်ရှင်သန်အောင်စိုက်ပျိုးရန် နည်းလမ်းများလက်တွေ့သရုပ်ပြ စိုက်ပျိုးပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။




