လှည်းကူးမြို့နယ်၊ ကျောက္ကုဒင်ကျေးရွာ၊ မဇ္ဇျိမဂုဏ်ရည်ကျောင်းတိုက်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

(၂၃.၇.၂၀၂၄)ရက်နေ့၊ (၀၇:၃၀)နာရီအချိန်တွင် လှည်းကူးမြို့နယ်၊ ကျောက္ကုဒင် ကျေးရွာ၊ မဇ္ဇျိမဂုဏ်ရည် ကျောင်းတိုက်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခဲ့ရာ လှည်းကူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်ဦး၊ လှည်းကူးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ၊ ဦးရဲထွန်းနောင်နှင့်အဖွဲ့ဝင်များ လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာ ဦးစီးအရာရှိ ဦးပြည့်ဖြိုးကျော်နှင့်သစ်တောဝန်ထမ်း(၂၁)ဦး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ(၆၆)ဦး၊ ဒေသခံပြည်သူ (၇၀)ဦး၊ စုစုပေါင်း (၁၆၁)ဦးဖြင့် ကျွန်း (၄၆၀)ပင်၊ မဟော်ဂနီ (၂၈၀)ပင် ၊ ပျဉ်းကတိုး(၅၀)ပင်၊ ကံကော်(၅၀)ပင်၊ ပိတောက်(၃၀)ပင်၊ မန်ဂျန်ရှား (၁၂၂၀)ပင်၊ စုစုပေါင်း သစ်မျိုး(၆)မျိုး၊ ပျိုးပင်ပေါင်း (၂၀၉၀)ပင် စုပေါင်းစိုက်ပျိုခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Tuesday, July 23, 2024 - 11:15