တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ(မြို့နယ်အဆင့်)ကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှ မိုးရာသီသစ်ပင်စိုက်ပျိုး၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမြို့နယ်အဆင့်အသိပညာပေးဟောပြောပွဲ အခမ်းအနားကို(၂-၇-၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီ၌ ဘုတ်ပြင်းမြို့နယ်၊ ကြိမ်မဲတောင်ရွာ၊ အထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ဘုတ်ပြင်းမြို့ နယ်၊ ကြိမ်မဲတောင်ရွာ၊ အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝါဝါဝင်းနှင့် ဆရာ(၂ )ဦး၊ ဆရာမများ (၈)ဦး၊ေကျာင်းသား(၆၉)ဦး/ ကျောင်းသူ(၇၀)ဦး၊ စုစုပေါင်း(၁၃၉)ဦး၊သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ(၆)ဦး၊ စုစုပေါင်း (၁၅၅)ဦး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဘုတ်ပြင်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဉီးစီးအရာရှိ၊ ဦးစောလူးသယ်ရွှေမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းထိန်းသိမ်းရေးအသိပညာပေးဆိုင်ရာ အကြောင်းအရာများ၊ သစ်တောသစ်ပင်အသုံးဝင်ပုံများကို တက်ရောက်လာသူများသို့အသိပညာပေးဆွေးနွေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင်တက်ရောက်လာသူများအား မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ သစ်တောထိန်းသိမ်းရေး၊သစ်ပင်စိုက်ပျိုးခြင်းကြောင့် သဘာဝဘေးဒဏ်များမှကာကွယ်ပေးခြင်းဆိုင်ရာများ၊ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ ကျောင်းအတွက်စာအုပ်၊ စာရေးကရိယာများပေးအပ်လှူဒါန်းခြင်း၊ ကျောင်းဝင်းအတွင်း ပန်းပိတောက် ၊ခရေ၊ ပျဉ်းကတိုး၊ စက္ကူပန်းပင်များ သရုပ်ပြစိုက်ပျိုးပြ သခြင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။




