တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊သစ်တောဦးစီးဌာနမှ ရက်ပေါင်း(၁၀၀) စီမံချက်အရ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဆိုင်ရာဟောပြောပွဲကျင်းပ
ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနမှမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို(၂-၇-၂၀၂၆)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီ၌ ထားဝယ်မြို့၊ Polytechnic University တွင် ကျင်းပဆောင်ရွက်ခဲ့ရာတာဝန်ခံပါမောက္ခချုပ်၊ ဆရာ၊ ဆရာမ၊ကျောင်းသား၊ ကျောင်းသူကျား(၃၃)ဦး၊ မ(၁၁၇)ဦး၊စုစုပေါင်း(၁၅၀)ဦးတက်ရောက်ခဲ့ကြပါသည်။ ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲဝင်းအောင်မှ မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးရေး၊ သစ်တောထိန်းသိမ်းရေး၊ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများ၊ ဇီဝမျိုးစုံ၊မျိုးကွဲများ၏ သိကောင်းစရာများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ဟောပြောပွဲတွင်တက်ရောက်လာသူများမှသိရှိလိုသည်များကို ဦးစီးအရာရှိ ဦးရဲဝင်းအောင်မှ ပြန်လည်ဖြေကြားခဲ့ပါကြောင်းနှင့် တက်ရောက်သူများအားအသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိသည်။


