ပြည်ထောင်စုနယ်မြေနေပြည်တော် ဒက္ခိဏခရိုင်၊ ပျဥ်းမနားမြို့နယ် သစ်တောဦးစီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် အသိပညာပေးဟောပြောပွဲကျင်းပ

ပျဥ်းမနားမြို့နယ် သစ်တောဦးစီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် အသိပညာပေးဟော ပြောပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ပျဉ်းမနား) တွင်ဆောင်ရွက်ခဲ့ ပါသည်။ သစ်ပင်စိုက်ပျိုးပွဲအား နံနက်(၉:၀၀)နာရီအချိန်တွင် ကျောင်းဝန်းအတွင်း သစ်မျိုး(၄) မျိုး ပျိုးပင်ပေါင်း(၁၂၀)အား မြို့နယ်ပညာရေးမှုး၊ မြို့နယ်ဦးစီးအရာရှိ၊ အထက(၁) ကျောင်းအုပ်ကြီး၊ ကျောင်းသားကျောင်းသူများနှင့် သစ်တောဝန်ထမ်းများ စုပေါင်းစိုက်ပျိုးခဲ့ ကြပြီး ဆက်လက်၍ (၉:၃၀)နာရီအချိန်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အသိပညာပေး ဟောပြောပွဲအား ဆက်လက်ဆောင်ရွက်ခဲ့ရာ မြို့နယ်ဦးစီးအရာရှိမှ ဆွေးနွေးဟောပြောခဲ့ပြီး ဆရာ/ဆရာမ၊ ကျောင်းသား‌ကျောင်းသူပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိရပါ သည်။

date: 
Tuesday, July 23, 2024 - 14:45