မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှူးရုံးမှ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး"ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှူးရုံးမှကြီးမှူး၍(၃-၇-၂၀၂၆)ရက်နေ့ (၀၉:၀၀)နာရီအချိန် တောင်တွင်းကြီးမြို့နယ်၊ ညောင်ပင်လှကျေးရွာ၊ အခြေခံပညာမူလတန်း(မူလွန်)ကျောင်းတွင်"မိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲ နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး"ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာတောင်တွင်းကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှ ဦးထွန်းထွန်းဝင်း(တောအုပ်ကြီး)မှ သစ်တောသစ်ပင်များမှ ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသိကောင်းစရာများ၊ ၂၀၂၆ -ခုနှစ်(မိုးရာသီကာလ)တွင် သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ ဘက်စုံသုံးတစ်ရွာ(၂)ဧကစိုက်ပျိုး​ခြင်း၊ လမ်း​ဘေးဝဲ/ယာအရိပ်ရပင် စိုက်ပျိုးခြင်းနှင့် စာသင်ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်​ ကျောင်းသား၊ကျောင်းသူများမှ ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန်​ဟောပြောဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသောကျောင်းသား၊ကျောင်းသူများ သိလိုသည်များကို မေးမြန်းခဲ့ရာတာဝန်ရှိသူမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။ ဟောပြောပွဲသို့ တောင်တွင်းကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှူးရုံးမှဝန်ထမ်း (၃)ဦး၊ အခြေခံပညာမူလတန်း(မူလွန်)​ကျောင်းမှ ဆရာ(၁)ဦး၊ ဆရာမ(၅)ဦး၊ ကျောင်းသား(၅၄) ဦး၊ကျောင်းသူ (၅၀) ဦး၊ စုစုပေါင်း(၁၁၂)ဦးတက််ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, July 6, 2026 - 12:00