ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ အုပ်ချုပ်မှုတွင်ပါရှိသည့်ခရမ်းမြို့နယ်၊ ကရင်ကန်းကျေးရွာအုပ်စုတွင် မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊အုပ်ချုပ်မှုတွင်ပါရှိသည့် ခရမ်းမြို့နယ်၊ ကရင်ကန်းကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် (၃.၇.၂၀၂၆)ရက်နေ့ (၀၉:၃၀)နာရီအချိန်တွင် “မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပခဲ့ရာ ခရမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှနယ်မြေတာဝန်ခံတောအုပ်ကြီးပါ သစ်တောဝန်ထမ်း(၂)ဦး၊ ကရင်ကန်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသူ/သားကျား(၃၃)ဦး၊ မ(၁၉)ဦး စုစုပေါင်း(၅၄)ဦးတို့ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန၊ ခရမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ နယ်မြေတာဝန်ခံ တောအုပ်ကြီးမှ မိုးရာသီမြေဆီစိုခိုက်တွင် သစ်ပင်များစိုက်ပျိုးရန်လိုအပ်ကြောင်း၊ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေပြီး ရာသီဥတုကိုမျှတစေကြောင်း ၊ ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံစေရန်အတွက် ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေမှသာ ကမ္ဘာကြီးပူနွေးမှုကို တဘက်တလမ်းမှထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်းနှင့် သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအား ဟောပြောခဲ့ပြီး တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများအားလက်ကမ်းစာစောင်များ ဖြန့်ဝေ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။


