တရုတ်သိပ္ပံအကယ်ဒမီ( CAS) ၊ကူမင်းရုံးခွဲမှ Director General ဖြစ်သူ Prof.Jie Zhou ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်မှ လက်ခံတွေ့ဆုံ

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးသည် သစ်တောဦးစီး ဌာနနှင့် တရုတ်သိပ္ပံအကယ်ဒမီ ( CAS) ကူမင်းရုံးခွဲမှ Director General ဖြစ်သူ Prof. Jie Zhou ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ( ၂၅-၇-၂၀၂၄) ရက်နေ့နံနက်ပိုင်းတွင် သစ်တောဦးစီးရုံး ချုပ်၊ အင်ကြင်းခန်းမတွင် လက်ခံတွေ့ဆုံပြီး သစ်တောဦးစီးဌာနနှင့် တရုတ်သိပ္ပံအကယ်ဒမီ (CAS) စစ်ဆောင်ပါးနားအပူပိုင်းရုက္ခဗေဒဥယျာဉ် (XTBG) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပူးပေါင်းဆောင်ရွက်လျက်ရှိသောလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
သစ်တောဦးစီးဌာနနှင့် တရုတ်သိပ္ပံအကယ်ဒမီ (CAS) စစ်ဆောင်ပါးနားအပူပိုင်း ရုက္ခဗေဒ ဥယျာဉ် ( XTBG) တို့သည် “မြန်မာနိုင်ငံတွင်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းနှင့် သုတေသနလုပ်ငန်း များ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း ”ကို ၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၉ ခုနှစ် ဧပြီလအထိ (၅) နှစ် သက်တမ်းရှိသော စာချွန်လွှာလက်မှတ်ရေးထိုးဆောင်ရွက်လျက်ရှိကြောင်းနှင့် တွေ့ဆုံပွဲသို့ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသောင်းနိုင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ညွှန်ကြားရေးမှူးများတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

date: 
Thursday, July 25, 2024 - 13:30