ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှရေချွေတာသုံးစွဲရေးနှင့်တောင်ယာများခုတ်ထွင်မီးရှို့မှုမပြုလုပ်ရေးဆိုင်ရာအသိပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှရက်(၁၀၀)အတွင်း ဆောင်ရွက်မည့်လုပ်ငန်းစီမံချက်နှင့်အညီ"ရေချွေတာသုံးစွဲရေးနှင့် တောင်ယာများခုတ်ထွင်မီးရှို့မှုမပြုလုပ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ'’အခမ်းအနားအား (၃-၇-၂၀၂၆)ရက်နေ့၊နေ့လည်(၁၃:၀၀)နာရီ အချိန်၌ အုတ်တွင်းမြို့နယ်၊ပေါက်တောကျေးရွာအုပ်စု၊တောက်တဲ့ကျေးရွာ၊ ဦးကြာခိုင်(ရပ်မိရပ်ဖ)နေအိမ်ခြံဝန်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ သစ်တောဝန်ထမ်း(၇)ဦး၊ဒေသခံပြည်သူ ကျား(၁၇)ဦး၊ မ(၂၁)ဦး၊ စုစုပေါင်း(၄၅)ဦးတတ်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် အုတ်တွင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီး ဦးမင်းဟိဏ်းခန့်မှ"ရေချွေတာသုံးစွဲရေး၊တောအုပ်-ဦးအောင်ကျော်မိုးမှ တောင်ယာများခုတ်ထွင်မီးရှို့မှုမပြုလုပ်ရေးဆိုင်ရာအသိပညာပေးအကြောင်းအရာများကိုဟောပြောပို့ချခဲ့ပြီး တတ်ရောက်လာသူများမှသိရှိလိုသည်များကို ရှင်းလင်းပြောကြားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

date: 
Monday, July 6, 2026 - 15:15