ငပုတောမြို့နယ်၊ သစ်တောဦးစီးဌာနမှအပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အကြိုဒီရေတောအပင်များစုပေါင်းစိုက်ပျိုး

ငပုတောမြို့နယ်၊ သစ်တောဦးစီးဌာနမှ (၂၆.၇.၂၀၂၄)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အကြို ဒီရေတောအပင်များ စုပေါင်းစိုက်ပျိုးခြင်းအား ဟိုင်းကြီးကျွန်းမြို့တွင်(၂၅.၇.၂၀၂၄)နေ့ကကျင်းပပြုလုပ်ရာ ပမ္မဝတီ ရေတပ်ဌာနချုပ်မှ ဗိုလ်မှူးနှင့်ရေတပ်ဌာနစစ်သည်များ၊ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် ဌာနဆိုင်ရာအဖွဲ့များ၊ရပ်မိရပ်ဖများ (၈၅)ဦးတက်ရောက်၍ ဗြူးအုပ်ဆောင်း(၂၀၀)ပင်၊ ဗြူးခြေထောက်ဖို(၂၀၀)ပင်၊မဒမ(၂၀၀)ပင်နှင့် သမဲ့(၅၀၀)ပင် စုစုပေါင်း ဒီရေတောပင် (၁၁၀၀)ပင် အား စိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

date: 
Thursday, July 25, 2024 - 14:30