မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော်ကိုကျင်းပ

(၂၅-၇-၂၀၂၄)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကတ္တလူကျေးရွာအနီးတွင် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဒီရေတော သစ်ပင်စိုက်ပျိုးပွဲတော်ကိုကျင်းပခဲ့ပါသည်။ ဒီရေတော သစ်ပင်စိုက်ပျိုးတော်သို့ တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တနင်္သာရီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး၊ မြိတ်လေတပ် စခန်းဌာနချုပ် ဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝန်ကြီးများ၊တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောက်ရှောက်ရေးအဖွဲ့၊ ကုမ္ပဏီဝန်ထမ်း များနှင့် ဒေသခံပြည်သူများ စုစုပေါင်း(၃၂၀)ဦးတက်ရောက်ပြီး၊ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုမှ လမုပင်နှင့် အုန်းပင်ကိုစိုက်ပျိုးပေးပြီး၊ တက်ရောက် လာသူများမှ ဒီရေတောသစ်ပင် ဗြူးအုပ်ဆောင်း (၁၀၀၀)ပင်၊ ဗြူးခြေတောက် (၂၀၀)ပင် စုစုပေါင်း(၁၂၀၀)ပင်နှင့် အုန်းပင်(၅၀)ပင်အား စိုက်ပျိုးခဲ့ပါသည်။ အခမ်းအနားအား (၀၈:၄၅) နာရီတွင် အောင်မြင်စွာ စိုက်ပျိုးပြီးစီးဆောင်ရွက်နိုင်ပါကြောင်း သိရှိရပါသည်။

date: 
Thursday, July 25, 2024 - 14:45